#Sport_News
Published_ 2 January 2024


၂၀၂၄ ခုနှစ်အတွင်း ကျင်းပမည့် အသက်(၂၀) အောက်အာရှဖလားခြေစစ်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအတွက် ပဏာမ လက်ရွေးစင် လူစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

အဆိုပါ လူစာရင်းတွင် ကစားသမား ၄၄ဦးပါဝင်ပြီး ယခင်မြန်မာ့လက်ရွေးစင်ယူ-၁၆ (Young Boys) အသင်းမှကစားသမားများ၊ အကယ်ဒမီများမှ ကစားသမားများ၊ တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲများမှ ထွက်ပေါ်လာသောကစားသမားများ၊ MNL 1 / 2 မှ ကစားသမားများကို အဆင့်ဆင့် စီစစ်ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းအလိုက် အလားအလာ ရှိသည့် လူငယ်ကစားသမားများကိုလည်း ထပ်မံအားဖြည့်ခြင်းများ ပြုလုပ်မှာဖြစ်ပါတယ်။

 

ပဏာမလက်ရွေးစင်ယူ-၁၉အသင်းကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးအောင်နိုင်၊ လက်ထောက်နည်းပြများအဖြစ် ဦးအောင်ခိုင်၊ ဦးခင်မောင်ထွေးနှင့် ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင်တို့က တာဝန်ယူကိုင်တွယ် လျက်ရှိပြီး သုဝဏ္ဏဘောလုံးကွင်း လက်ရွေးစင်အဆောင်တွင် ကာလရှည်စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိပါတယ်။

 

ကာလရှည်စခန်းသွင်းလေ့ကျင့်နေသည့် ကာလအတွင်း ပြိုင်ပွဲအတွေ့ အကြုံ ကောင်းများရရှိရန် ၂၀၂၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲကို (Junior Lions) အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ပြည်တွင်းကလပ်များ၊ အကယ်ဒမီ အသင်းများနှင့် ခြေစမ်းပွဲများ ယှဥ်ပြိုင်ကစားစေခဲ့ပါတယ်။

 

မြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်းသည် ၂၀၂၄ခုနှစ်အတွင်း အာရှခြေစစ်ပွဲစဥ် သာမက အာဆီယံချန်ပီယံရှစ် နှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင် ရန် စီစဥ်ထားပါတယ်။

 

ပဏာမမြန်မာ့လက်ရွေးစင်ယူ-၁၉ အသင်း
++++++++++++++++++++++++++++++++++++
ဂိုး- စောကျော်ခန့်နို (University)၊ စောအယ်ဒိုထူး (Dagon Port)၊ ချစ်ရအောင်စိုး (နေပြည်တော်)၊ ပိုင်ဇင် (ISPE)၊ ဟန်မြင့်မြတ်ထွန်း (မဟာယူနိုက်တက်)

 

နောက်တန်း- ထွန်းထွန်းသိန်း (ရတနာပုံ)၊ ကောင်းဆက်ပိုင် (ISPE)၊ ကောင်းခန့်ကျော် (ဧရာ၀တီယူနိုက်တက်)၊ ဖြိုးပြည့်စုံ(မန္တလေးတိုင်းဒေသကြီး)၊ အောင်မြင့် (မွန်ပြည်နယ်)၊ ရဲကောင်းဆက်၊ သူရအောင် (Glory Goal)၊ ခန့်ဇင်ဟိန်း၊ ရှင်မွေလငိုင်းကီး၊ ခွန်းချိုထူး (Junior Lions)၊ လွမ်းထက်ထွန်း (စီမံ/ ဘဏ္ဍာ)၊ စခန့်ချော (University)၊ လွင်ဖြိုးအောင် (ဟံသာဝတီယူနိုက်တက်)၊

 

အလယ်တန်း- ခွန်သူရိန်ထူး (Police Tero Academy)၊ အောင်ခန့်ကျော် (နေပြည်တော်)၊ စောလင်းထက်ပိုင်(ရခိုင်ယူနိုက်တက်)၊ ဝိုင်းလု(ဟံသာဝတီယူနိုက်တက်)၊ သူရ (Glory Goal)၊ ဂျခီဆွတ်အောင် (Junior Lions)၊ ဇော်မျိုးထွန်း၊ မင်းသန့်ဗိုလ် (စီမံ/ ဘဏ္ဍာ)၊ ကောင်းဇေယျာလင်း (မဟာယူနိုက်တက်)၊ ကောင်းခန့်ကျော် (မန္တလေးအကယ်ဒမီ)၊ နိုင်ကို (မွန်ပြည်နယ်)၊ သိန်းဇော်သီဟ(ISPE)၊ မင်းမော်ဉီး (သစ္စာအားမာန်)၊ နိုင်အောင်ဆန်း (Dagon Port)၊ ဝင်းကိုဌေး (Junior Lions)၊

 

ရှေ့တန်း- စွမ်းထက် (ရတနာပုံ)၊ ဝင်းပြည့်မောင်၊ နိုင်လင်းဖြိုး (ISPE)၊ ဇွဲမာန်သာ (ဟံသာဝတီယူနိုက်တက်)၊ နိုင်ဝင်းထွန်း (မန္တလေးတိုင်းဒေသကြီး)၊ စောဆဲကပေါ်ဆေး၊ မောင်တော့ (ဧရာဝတီတိုင်းဒေသကြီး)၊ စောမျိုးဇော် (သစ္စာအားမာန်)၊ ထွန်းနိုင်စိုး (ရက္ခပူရယူနိုက်တက်)၊ ရှိုင်းဝဏ္ဏအောင်၊ စိုင်းဇေယျာကျော် (Junior Lions)

 

#Sport_News #ပဏာမမြန်မာ့လက်ရွေးစင် #ယူ-၁၉အသင်းလူစာရင်းထုတ်ပြန် #ymg_mnn #Yangon_Media_Group