#Local_News
Published_ 1 January 2024


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အူဗျစ်ကျေးရွာအနီး၌ ဒီဇင်ဘာ ၂၉ ရက်က တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

 

မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စု အူဗျစ်ကျေးရွာအနီး၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် မြေသယ်ယာဉ် ၁၁ စီး၊ မီးခံသေတ္တာနှစ်လုံး အပါအဝင် ဆက်စပ်ပစ္စည်းငါးမျိုး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၈၀၀၉၀၀၀) ကို ဖမ်းဆီးရမိခဲ့ ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

 

ဒီဇင်ဘာ ၃၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၂၉ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၁၄၀၀)၊ ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၁၅ တန်နှင့် အခြားသစ် ၀ ဒသမ ၃၉၇ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၅၂၆၂၀)၊ စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၁၂၄၄၀၂၀ ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူ ဆောင်ရွက်လျက်နေတယ်လို့ သိရပါတယ်။

 

ဒီဇင်ဘာ ၂၉၊ ၃၀ နှင့် ၃၁ ရက်တိုတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၉၂၅၃၀၂၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။

 

#Local_News #မြေသယ်ယာဉ်များ ဖမ်းဆီးရမိ #ymg_mnn #Yangon_Media_Group