Published 29 December 2023

 Mister Supranational Myanmar 2024 ပြိုင်ပွဲကြီးတွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက် အမျိုးသားပြိုင်ပွဲဝင်များကို တရားဝင်ဖိတ်ခေါ်လိုက်ပြီဖြစ်ကြောင်း Missosology Myanmar မှသိရသည်။

အသက် (၁၈)နှစ်ပြည့်ပီး (၃၂)နှစ်ထက်မကျော်သည့် မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး၂၀၂၄ခုနှစ် ဇန်နဝါရီလ၃၁ရက်နောက်ဆုံးထားပြီး ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

ပထမဆုံးအကြိမ်ခမ်းနားကြီးကျယ်စွာကျင်းပမည့် Big (5) စာရင်းဝင် Mister Supranational Myanmar 2024 ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အမည် ၊မွေးသက္ကရာဇ် ၊အရပ်အမြင့် ၊
ပညာအရည်အချင်း ၊မှတ်ပုံတင်အမှတ် ၊ဓာတ်ပုံ (မျက်နှာပုံ/တစ်ကိုယ်လုံးပုံ)ဆက်သွယ်ရမည့် ဖုန်းနံပါတ် စသည်တို့ကို ပြည့်စုံစွာရေးသားပြီး Supranational Myanmar ယခု Missosology MyanmarPage Messenger (or) Google Form link သို့အရင်ဦးစွာ ပေးပို့လျှောက်ထားနိုင်ကြောင်သိရသည်။

မြန်မာကိုယ်စားပြု Miss Supranational 2024 အဖြစ် အလှမယ်‌ဒီးကို ရွေးချယ်ထားပြီဖြစ်ပြီး  မြန်မာကိုယ်စားပြု Mister Supranational 2024ကို ထပ်မံရွေးချယ်ပြီး  နိုင်ငံတကာစင်မြင့်ထက်တွင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
Published 29 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group