Published 27 December 2023

ထာဝရဝိန့်စိန်နှင့် မသက်သက်မာ ပြန်လည်အဆင်ပြေပြီးနောက် ၀ိန့်စိန်နှင့် မသက်သက်မာတို့ စုပေါင်းလှူဒါန်းသည့် ငြိမ်းချမ်းရေးနဂါးရုံစေတီကို ယနေ့ဒီဇင်ဘာ ၂၇ ရက်တွင် အုတ်မြစ်ချလှူဒါန်းကြောင်း ထာဝရဝိန့်စိန် စိန်‌ရတနာ‌ရွှေဆိုင်မှ သိရသည်။

ထာဝရဝိန့်စိန်နှင့် မသက်သက်မာတို့သည် ကားကံစမ်းမဲဖောက်ရင်း အငြင်းပွားမှုအချို့ရှိခဲ့ရာမှ နှစ်ဦး နှစ်ဖက် ညှိနှိုင်းမှုများ ရက်အတန်ကြာပြုလုပ်ခဲ့ပြီးနောက် အဆင်ပြေသွားခဲ့ခြင်းဖြစ်သည်။

နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုများတွင် ထာဝရဝိန့်စိန်မှ မသက်သက်မာအား ကျပ်သိန်း၃၇၀ နစ်နာကြေးပေးခဲ့ခြင်းဖြစ်ပြီး မသက်သက်မာမှ ရရှိသောနစ်နာကြေးကို ဘုရားတည်သွားမည်ဆို‌သောကြောင့် ထာဝရဝိန့်စိန်မှ ဘုရားတည်ရန် အတွက် လိုအပ်သော ငွေကြေးများထပ်မံပေးအပ်ကာ စုစုပေါင်း ကျပ်သိန်း၅၀၀ဖြင့် မသက်သက်မာနှင့် ဝိန့်စိန် ဖောက်သည်များ​အမည်ဖြင့် ဘုရားတစ်ဆူတည်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Time/LW
Published 27 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group