Published 26 December 2023

    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှ _၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးစီမံကိန်းတွင် အသုံးပြုရန် အတွက်  Mobile Tablet နှင့်ဆက်စပ်ပစ္စည်းများကို  မြန်မာကျပ်ငွေဖြငိ့ဝယ်ယူရန် တင်ဒါခေါ်ယူကြောင်း နိုင်ငံပိုင်သတင်းစာ တွင် ကြေညာထားသည်။

     အဆိုပါ ပစ္စည်းများ ကို မြန်မာကျပ်ငွေ ဖြင့် ဝယ်ယူလိုသဖြင့်  ဌာန မှ သတ်မှတ်ထားသည့်Specification  များ ကို တိကျမှန်ကန်စွာ တင်သွင်းနိင်သည့်  စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင် များ ကို အိတ်ဖွင့်တင်ဒါခေါ်ယူကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။

   ဝယ်ယူမည့် ပစ္စည်းများ၏ အသေးစိတ် အချက်အလက်များ ကို  တင်ဒါစည်းကမ်းချက်တွင် ပူးတွဲဖေါ်ပြထားကာ ယင်းတင်ဒါဖောင် တစ်စောင် လျှင်  တစ်သောင်းကျပ်ဖြင့်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

  တင်ဒါဖောင်များ ကို ဒီဇင်ဘာ ၂၆ရက်မှ ဇန်နဝါရီ ၈ ရက် အထိရောင်းချပေးကာထောက်ပံဌာနခွဲ ပြည်သူ့အင်အားဦးစီးဌာန လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ရုံးအမှတ် ၄၈ နေပြည်တော် တွင်တင်ဒါတင်သွင်းရမည်ဖြစ်ကာ   ဇန်နဝါရီ ၈ရက် ညနေ ၄နာရီ၃၀မိနစ် တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်းသိရသည်။
Yangon_Time/LW
Published 26 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group