#Local_News
Published 25 December 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၆)ရပ်ကွက်၌ ယနေ့နေ့လည်၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

အဆိုပါ ၄၆ ရပ်ကွက် စံရိပ်ငြိမ်လမ်းတွင် ယနေ့ညနေ ၃ နာရီ ၁၀ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၃နာရီ ၁၉ မိနစ် အချိန်၌ မီးထိန်းနိုင်ပြီး ၃နာရီ ၂၂မိနစ် အချိန်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်ကြောင့်နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့်မီးလောင်မှုဖြစ်စဉ်များအားဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။

 

#Local_News #မြောက်ဒဂုံ၄၆ရပ်ကွက် #မီးလောင်မှုဖြစ်ပွား #YMG/ NN #Yangon_Times