#Local_News
Published 25 December 2023

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် မြဝတီခရိုင်ဘက်မှ  တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ဖိုးဖမြို့နယ်ထဲသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က  ထိုင်း-မြန်မာနယ်စပ်၊ တာ့က်ခရိုင်၊ ဖိုးဖမြို့နယ်၊ ခီလီလာ့တ်ကျေးရွာဘက်ကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းစစ်တပ်ကစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူများတွင်  အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၇ ဦးဖြစ်ပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ရန်အတွက်  ဖိုးဖရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ယခုဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ရာဂဏန်းခန့်အထိ  ဆက်တိုက် ဖမ်းဆီးခံနေရကြောင်းအလုပ်သမားအရေးကူညီဆောင်ရွက်သူများထံကသိရသည်။

 

#Local_News #တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် #မြန်မာနိုင်ငံသား၁၇ဦးဖမ်းဆီးခံရ  #YMG/LW #Yangon_Times