#Local_News
Published 22 December 2023


တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့အတွင်း လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်ခဲ့ကြ၍ ဒေသခံ၂ ဦး သေဆုံးကာ ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နံနက် ၉ နာရီခန့်က လောင်းလုံးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ရုံးကို PDF များက မီးရှို့ဖျက်ဆီးပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားစဉ် မြို့ပြင်အရောက်၌ ရပ်ကွက်အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ယင်းကြောင့် လောင်းလုံးမြို့(ခ)ရပ်ကွက်၊ အောင်ချမ်းသာ ဘုရားကြီးအနီးရှိ ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမားတန်းလျားသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အဆိုပါ အလုပ်သမားတန်းလျားတွင် နေထိုင်သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အပြစ်မဲ့ကလေးငယ် ၄ ဦးအပါအဝင် ၈ ဦး ဗုံးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယခုအခါ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက လောင်း လုံးမြို့မှ ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။

 

#Local_News #လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ် #၂ဦး သေဆုံး #၈ဦးဒဏ်ရာရ #Yangon_Times/PP