#Local_News
#Published 21 December 2023

ခရစ္စမတ်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်တွင် Christmas Party ပွဲကိုဒီဇင်ဘာလ(၂၃)ရက်ကနေ(၂၅)ရက်နေ့အထိ (၃)ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှသိရသည်။

 

ယင်းခရစ်စမတ်ပွဲ Yangon zoo “CHRISTMAS PARTY”ပွဲတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး

 

• Magic Show မျက်လှည့်


• Kids Talent Show ကလေးငယ်များTalent Show


• Photo Session With Birds ငှက်များဖြင့်ဓာတ်ပုံရိုက်ခြင်း


• Carol Singing 


• ခေတ်ပေါ် အကများဖြင့်ဖျော်ဖြေခြင်း 


• တေးဂီတအဖွဲ့များ၏ ဖျော်ဖြေခြင်းများအပြင်

 

လာရောက်လည်ပတ်သူများအတွက် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ရောင်းချပေးမည့် ဈေးဆိုင်ခန်းများစွာလည်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) #Christmas Party #tthl #Yangon_Times