#Local_News
Published 20 December 2023

၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင်ရွှေ‌ကြိုမောင်မယ်အဖြစ်ပါဝင်လျှောက်ထား ကြသူ‌များထဲမှ ရွှေကြိုပဏာမရွေးချယ်ခံရသူ (၉၇)ဦးစာရင်း ထုတ်ပြန်လိုက်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်။

 

ဒုတိယအဆင့် ရွှေကြိုရွေးချယ်မှုကို ဒီဇင်ဘာလ ၂၄ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယခုရွေးချယ်ခံထားရသည့် ရွှေကြိုပဏာမရွေးချယ်ခံခဲ့ရသူ(၉၇)ဦးစာရင်းဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ရွေးချယ်ခံရသူများထဲတွင် မေ့ချစ်သက်နှင့် ၊မျိုးမမ(ကျော်ကျော်အိန္ဒြာ)တို့ ပါဝင်ကြောင်းနှင့် ရွှေကြိုရွေးချယ်မှုပဏာမအဆင့်တွင် အမျိုးသားရွှေကြို(၃၀)ကျော်နှင့် အမျိုးသမီးရွှေကြို (၆၀)ကျော်စုစုပေါင်း(၉၇)ဦးရွေးချယ်ခဲ့ကြောင်းသိရသည်။

 

#Local_News #ရွှေကြိုပဏာမရွေးချယ်ခံရသူ(၉၇)ဦး #tthl #Yangon_Times