#Local_News
Published 19 December 2023


စက်သုံးဆီသယ်ဆောင်ခွင့်မျှောစာ တင်ပြနိုင်ခြင်းမရှိဘဲ သယ်ဆောင်လာသည့် စက်သုံးဆီ ဒီဇယ်ဂါလံ စုစုပေါင်း(၇၅၆၉)ကို သိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

အဆိုပါ စက်သုံးဆီများကို (၁၆) မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင် လာသော ယာဉ်တစ်စီးပေါ်မှစက်သုံးဆီ သယ်ဆောင်ခွင့်မျှောစာတင်ပြနိုင်ခြင်း မရှိသည့် စက်သုံးဆီဒီဇယ်ဆီဂါလံ ၆၀၀၊ မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ ယာဉ်တစ်စီးပေါ်မှ စက်သုံးဆီသယ်ဆောင်ခွင့် မျှောစာ တင်ပြ နိုင်ခြင်း မရှိသည့် စက်သုံးဆီ ဒီဇယ်ဆီ(ချက်ဆီ) ဂါလံ ၆၀၀၀၊ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဖရဲကျွန်း ကျေးရွာ၊မိုင်တိုင်အမှတ်(၃၅၈/၄)၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စက်သုံး ဆီ ဒီဇယ်ဆီ ၉၆၉ဂါလံတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

 

သိမ်းဆည်းရမိသည့် ယင်းစက်သုံးဆီများကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရပြီး ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက် နှင့် ၁၈ ရက်တို့တွင် အဆိုပါစက်သုံးဆီများအပါအဝင် တရားမဝင်ကုန်ပစ္စည်းများသိမ်ဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၆၈၆၈၅၈၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

#Local_News #မန္တလေး #ဒီဇယ်(၇၅၆၉)ဂါလံသိမ်းဆည်းရမိ #tthl #Yangon_Times