#Local_News
Published-19 December 2023

စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို အမေရိကန်ဒေါ်လာ (၉.၇၂) သန်းကို ယမန်နေ့က ဗဟိုဘဏ်မှရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

 

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ (ဒေါ်လာ) ရောင်းဝယ်မှုတွင် ဈေးနှုန်းသတ်မှတ်ခြင်းမပြုတော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ‌ရောင်းချခွင့်ကို ဒီဇင်ဘာ ၅ ရက်တွင် လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုထားခြင်းဖြစ်ကြောင်းသိရသည်။

 

ထို့အတူ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာ ရောင်းချနိုင်ရန် ခွင့်ပြုပေးခဲ့ပြီး စက်မှုဇုန်များအတွက် လိုအပ်သည့် စက်သုံးဆီများကို အဆိုပါပို့ကုန်ရငွေမှ မိမိအစီအစဉ်အတိုင်း ဝယ်ယူရန်နှင့် ဒေါ်လာလိုအပ်ခဲ့ပါကလည်း ဗဟိုဘဏ်မှ စိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

 

လက်ရှိတွင် ပြည်ပမှ တင်သွင်းနေရသည့် ကုန်စည်များထဲတွင် စက်သုံးဆီသည် သွင်းကုန်ပထမ ဦးစားပေးအဖြစ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။

 

#Local_News #စက်သုံးဆီတင်သွင်း #ဒေါ်လာ၁၀သန်း #ဗဟိုဘဏ်ရောင်းချပေး #YMG/NN #Yangon_Times