Published 18 December 2023

   လမ်းပိုင်းအနေထားအရ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်သဖြင့် မြဝတီ-ထို့ကော်ကိုးလမ်းအား ဒီဇင်ဘာ၁၈ ရက်မှစတင်ကာ မော်တော်ယာဉ်များဖြတ်သန်းသွားလာမှုကို အတက်/အဆင်း တစ်ရက်စီ သာ သွားလာရတော့မည်ဖြစ်ကြောင်း မြဝတီမြို့သို့ပြေးဆွဲနေသည့် ယာဉ်မောင်းသူများထံ ကသိရသည်။

   မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှာ တိုက်ပွဲများကြောင့်  ဖြတ်သန်းသွားလာခွင့်မရရှိသဖြင့် ခရီး သည်တင်ယာဉ်များနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များမှာ မြဝတီ-ထို့ကော်ကိုးလမ်းကြောင်းမှတဆင့် ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။

  ထိုသို့ သွားလာရာတွင် လမ်းပိုင်းအနေထားမကောင်းခြင်း၊ မော်တော်ယာ‌ဉ်များဖြတ်သန်းသွားလာမှုများပြားခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်သည့်အတွက်ယခုကဲ့သို​့  အလှည့်ကြ အတက်/အဆင်း တစ်ရက်စီသတ်မှတ်ရခြင်းဖြစ်ကြောင်း သိရသည်။

  ထို့ကြောင့် မြဝတီ-ထို့ကော်ကိုးလမ်းအား မနက်ဖြန် ဒီဇင်ဘာ ၁၈ ရက်မှစတင်ကာ အတက်ရက်ဖြစ်သတ်မှတ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် အဆင်းနေ့အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group