Published 18  December 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သလ္လာဝတီရပ်ကွက်၊ သလ္လာဝတီဇာတ်ဆိပ်တွင် ကုန်တင်အမြန်ရေယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

  ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၁နာရီ ၆မိနစ် အချိန် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ကုန်တင်အမြန်ရေယာဉ်၏ အင်ဂျင်ခန်း မီးလောင်မှုဖြစ်ကြောင်း သိရသည်။

 မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃) စီး၊ ရေသယ်ယာဉ်(၃)စီး၊ ကမ်းနားမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည်၁နာရီ ၃၀ မိနစ်အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 မီးလောင်သည့်အကြောင်းရာနှင့် ထိခိုက်ဒဏ်ရာရရှိသူ အခြေနေများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကာ သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group