Published-13-December-2023

  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း လမ်းဘေးရပ်ထားသည့် တွဲကားတစ်စီးအား သဲများတင်ဆောင်သည့် ကားတစ်စီးက နောက်မှဝင်ရောက်တိုက်သည့်  ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၃ရက် နေ့လည် ၂နာရီဝန်းကျင်က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းမကြီး ရာဇဂြိုဟ် မှတ်တိုင်အနီးတွင် လမ်းဘေးရပ်ထားသော တွဲကားတစ်စီးအား သဲကားက နောက်မှဝင်ရောက်တိုက်မိခဲ့ကာ ယင်းယာဉ်တိုက်မှုကြောင့် သဲကားပေါ်မှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသည့် အမျိုးသားတစ်ဦးအား 5B TAXI လူမှုကူညီရေးအသင်း Ambulance ယာဉ်ဖြင့် မြောက်ဥက္ကလာ မေဓာဝီ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group