Published-13 December 2023

ယခုနှစ် ၁၁ လအတွင်း YBS ယာဉ်များ ယာဉ်မတော်တဆမှု ၇၁မှုဖြစ်‌ ပွားပြီး ခရီးသည် ၂၉ ဉီးသေဆုံးကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ သိရသည်။

၂၀၂၃ ခုနှစ်၁၁လတာအတွင်း ယာဉ်တိုက်မှု ၇၁ မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၉ ဉီးသေဆုံး၍ ၁၁၀ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

' တစ်ချို့ YBS ယာဉ်လိုင်းတွေက တစ်စီးနဲ့တစ်စီး အပြိုင်အဆိုင် မောင်းတာတွေရှိတယ်။ မီးနီဖြတ်မောင်းတာတွေ၊ အရှိန်ပြင်းမောင်းတာတွေကြောင့် ယာဉ်တိုက်မှုတြွေဖစ်ပြီး ခရီးသည်တွေ သေဆုံးတာ၊ လမ်းဖြတ်ကူးတဲ့သူတွေ သေဆုံးတာမျိုးရှိတယ်။ " ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဉီးလျန်ကျင့်မာန်က ပြောသည်။

အဆိုပါကဲ့သို့ ဖြစ်ပွားပါက ယာဉ်မောင်းကို YRTC မှ ထုတ်ပေးထားသည့် YBS ယာဉ်မောင်းနှင်ခွင့်ကတ် ပြန်သိမ်းခြင်း၊ ယာဉ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်ခြင်းများပြုလုပ်သည့်အပြင် ဥပဒေအရ အရေးယူလေ့ရှိကြောင်းသိရသည်။

ယခင် ၂၀၂၂ ခုနှစ်တွင် YBS ယာဉ်လိုင်းများ ယာဉ်တိုက်မှု ၆၅ မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၃၁ ဉီးသေဆုံးကာ ၈၆ ဉီး ဒဏ်ရာရရှိခဲ့ရာ ယခုနှစ်တွင် သေဆုံးသူ ၂ ဉီးလျော့နည့်ခဲ့ကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group