Published 13 December 2023

  မီးဖိုချောင်သုံး (LPG)ဂတ်စ် လိုအပ်သလောက်ဝယ်ယူမရဘဲ ယခင်ထက်ဈေးမြင့်လာတယ်လို့ လက်လီရောင်းချသူတွေထံ ကသိရပါတယ်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က စပြီး မီးဖိုချောင်သုံးဂတ်စ်များ ဝယ်ယူမရသည့် အတွက် အချို့ လက်လီပြန်ရောင်းချသည့် ဆိုင်များ ပိတ်ထားရကြောင်း သိရသည်။

"" စက်ရုံဘက်က လာကိုမချပေးတာ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းကတည်း က အရင်ရက်တွေကလည်း ခွဲတမ်းနဲ့ရသလို ဖြစ်နေတယ် ဂတ်စ်ဈေးတွေလည်း တတ်တယ် သို့ပေမယ့် မြို့နယ်တစ်ခုနဲ့တစ်ခုတော့မတူဘူး"'ဟု ရွှေပြည်သာမြို့နယ် မှ အိမ်သုံးဂတ်စ်ရောင်းချသူတစ်ဦးကပြောသည်။

  လက်ရှိတွင် ဂတ်စ်ဖြန့်သည့် ကုမ္ပဏီများ က ပြင်ကလက်လီပြန်ရောင်းချသည့်ဆိုင်များကိူ ထုတ်ရောင်းချမှုနည်းပြီး စာချုပ်ချုပ်ထားသည့် စက်ရုံများ စားသောက်ဆိုင် များကိုသာ ပို့ပေးမှုများ​ကြောင်း သိရသည်။

"" အရင်ကတပိသာကို ၆၀၀၀ကျပ် ဝန်းကျင်ကနေ အခု တပိသာ ကို ၈၀၀၀ ကျပ်ကနေ ၁၀၀၀၀ကျပ် ဝန်းကျင် အထိရှိတယ် မြို့ထဲ တိုက်ခန်း တွေကျတော့ မီးမလာရင်ဂတ်စ်နဲ့အဓိက ထားသုံးကျတယ် အဲ့တော့ မြို့ထဲဘက်တွေမှာ ပိုပြီးဈေး များတယ်""ဟု ဂတ်စ်ရောင်းဝယ်လုပ်သူကပြောသည်။

   ယခုကဲ့သို့ မီးဖိုချောင်သုံး ဂတ်စ်များ လိုအပ်သလောက် ဝယ်ယူမရသည်​့အတွက် အိမ်တွင်းအသုံးပြုသူများထက် အစားအသောက်ချက်ပြုတရောင်းချသူများနှင့်စားသောက်ဆိုင်များတွင် အခက်ခဲများ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 13 December 2023
#YMG #Yangon_Times #YMG_News
#Yangon_Media_Group