#Local_News
Published 11 December 2023


အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရှာဖွေပေးနေသည့်ပလက်ဖောင်းJobNet.com.mmမှပေးအပ်သည့် ၂၀၂၃ခုနှစ်အတွက် မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးကုမ္ပဏီဆုBest Companies to Work(BCIM Award)ကို မြန်မာနည်းပညာကုမ္ပဏီဖြစ်သည့်Global Technologyကုမ္ပဏီမှထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ BCIM Awardအကောင်းဆုံးကုမ္ပဏီဆုကိုရရှိခဲ့ကြောင်းကို JobNet.com.mm၏ websiteတွင်တရား ဝင် ထုတ်ပြန်ကြေညာချက်အရသိရခြင်းဖြစ်သည်။

 

BCIM Awardဆု အကြောင်းနှင့်ပတ်သက်ပြီး JobNet Group၏MD Mr.Matt Gelucaက ‘‘ BCIM Awardသည် ကုမ္ပဏီများအတွက်အဆင့်များကိုသိမြင်စေရန် မြန်မာနိုင်ငံရှိ အခြားအဖွဲ့အစည်းများနှင့်နှိုင်းယှဉ်၍ စံပြု သတ်မှတ်ပေးသည့်လွတ်လပ်သောပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ BCIMပရိုဂမ်သည် တရားဝင် အတည်ပြု ပါတနာဖြစ်သည့်Deloitteထံမှထောက်ခံမှုရရှိခဲ့ပြီး စစ်တမ်းရလဒ်များကို Deloitteနှင့် အရည်အချင်းပြည့်မီ သောအကောင်းဆုံး ကုမ္ပဏီများကိုစိစစ်ပေးကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင် ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှု ပြင်းထန်လာပြီး ကုမ္ပဏီတွေက Brandကို ထိပ်တန်းအဖွဲ့အစည်းတွေထဲကို တတ်နိုင်သမျှအကောင်းဆုံးဆွဲ ဆောင်နိုင်ဖို့ နည်းလမ်းတွေအမြဲရှာဖွေနေပါတယ်’’ဟု ပြောပြထားသည်။

 

ယခု မြန်မာနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်အကောင်းဆုံးကုမ္ပဏီဆုရရှိခဲ့သည့် အဆိုပါ Global Technology ကုမ္ပဏီသည် ICTနည်းပညာများဖြစ်သည့် မိုဘိုင်းအသံနှင့်ဒေတာဆိုင်ရာ Infrastructureများ၊ Cloud Computing ဝန်ဆောင် မှုများ၊အိုင်တီဝန်ဆောင်မှုများနှင့် နည်းပညာအကြံပေးခြင်းများကို ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီဖြစ်သည် ဟုဆိုသည်။

 

ယင်းအပြင် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ဖြစ်ပေါ်စေရန် Infrastructure As a service၊Plattform As a service အပြင် Software As a Serviceများဝန်ဆောင်မှုများ၊မြန်မာနိုင်ငံရှိ ရုပ်သံလိုင်းများကွန်ယက်တည်ဆောက်ခြင်း နှင့် အရည်အသွေးမြှင့်တင်ခြင်းလုပ်ငန်းများကိုဦးဆောင်ဆောင်ရွက်ခြင်းသည့်ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

 

Global Technologyကုမ္ပဏီ၏Managing Directorဦးမင်းဆွေလှိုင်က ဆုရရှိတာနှင့်ပတ်သက်ပြီး ‘‘ ဒီလိုဆုရရှိ ဖို့ဆိုရင် ကျွန်တော်တို့ အနေနဲ့ Leadership Commitmentရှိမှသာ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေနဲ့ယှဉ်ပြိုင် ရယူနိုင်မှာ ခွန်အားတစ်ရပ်ပဲဖြစ်ပါ တယ်။ တစ်ဦးတစ်ယောက်ချင်းတော်လို့ တတ်လို့ဆိုတာထက်အားလုံးရဲ့ ပါဝင်မှု၊ Leadership Skillကောင်းမွန် မှုတွေကြောင့်ရရှိတာဖြစ်တဲ့အတွက် ကုမ္ပဏီမှာရှိနေတဲ့တစ်ဦးချင်းတစ် ယောက်ချင်းစီအတွက် ဂုဏ်ယူပါတယ်”ဟု ပြောကြားခဲ့သည်။

 

Global Technologyကုမ္ပဏီ၏ Chairmanဦးရှိန်းသူအောင်ကလည်း‘‘အခုလို Best Companies to Work in Myanmar (BCIM Award)ကို ကျွန်တော်တို့Global Technologyကုမ္ပဏီအနေနဲ့ရရှိခဲ့တာဟာ အားလုံးရဲ့ ကြိုးစားအားထုတ်မှု စုပေါင်းအားနဲ့ရတဲ့ Collective Achievementပါပဲ။ ဒီလိုမျိုး ကုမ္ပဏီတွေမှာ အလိုအပ်ဆုံးကတော့ Engagement နဲ့ workplaceကို ကျွန်တော်တို့ဒီလောက်တောင်လုပ်ထားလို့လည်း ဒီလို Engagement နဲ့ပတ်သက်တဲ့ Awardတွေကို ရတာပါ။ဒီ့ထက်လည်း ကျွန်တော်တို့အနေနဲ့ ဒီဟာတွေကို ခြေလှမ်းအနေနဲ့ အားယူပြီးတော့ ဆက်လက်ကြိုးစား ကြရပါမယ်’’ ဟုထည့်သွင်းပြောခဲ့သည်။

 

Global Technologyကုမ္ပဏီအနေဖြင့် ရှေ့ဆက်ပြီးတော့ဆောင်ရွက်မည့်အကြောင်းများကို Global Technology ကုမ္ပဏီ၏CEOဦးသိန်းသန်းတိုးကလည်း ‘‘ဒီကနေဆက်စပ်ပြီးတော့ Other Digital Transformation Internet System တွေလုပ်နေပါတယ်။ အခုဂါနာနဲ့ ၂၀၂၃ The Latest Technology trend မှာဆိုရင် augmented connected workforceပါပါတယ်။ ခုကျွန်တော်တို့ သွားနေတဲ့ Trendကအဲဒီ့ကို သွားနေတာပါ’’ဟုပြောခဲ့သည်။

 

BCIM Awardဆုရရှိသည့် Global Technologyကုမ္ပဏီသည်မြန်မာနိုင်ငံ၏ဆက်သွယ်ရေးနည်းပညာသမိုင်းတွင် ကမ္ဘာအနှံ့ရှိနိုင်ငံခြား ဆက်သွယ်ရေးကုမ္ပဏီများနှင့် နည်းပညာဆိုင်ရာဝန်ဆောင်မှုများကို ပထမဆုံး ချိတ်ဆက်ဝန်ဆောင်မှုပေးခဲ့သည့် တစ်ခုတည်းသော မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်ကြောင်းနှင့် ယခင် ၂၀၂၀ခုနှစ်နှင့်၂၀၂၂ခုနှစ်အတွက်လည်း အဆိုပါကုမ္ပဏီမှBest Companies to Work(BCIM Award)ဆုများ ရရှိဆွတ်ခူးခဲ့ဖူးကြောင်း သိရသည်။

 

#Local_News #ကုမ္ပဏီဆုBCIM Award #Global Technologyမှထပ်မံဆွတ်ခူး #tthl #Yangon_Times