#Local_News
Published 10December 2023

ပို့ကုန်မူဝါဒအပြောင်းအလဲနှင့်ပြည်ပဝယ်လက်များကြာင့် ပဲနှမ်းများဈေးနှုန်းမြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။

 

ပြီးခဲ့သည့်ဒီဇင်ဘာ(၅)ရက်ကပြောင်းလဲလိုက်သည့်ပို့ကုန်မူဝါဒကြောင့်နိုင်ငံငွေလဲနှုန်းအနည်းငယ်မြင့်တက်လာသည့်အပြင်ဈေးကွက်အတွင်းဝယ်လိုအားရှိနေသောကြောင့်နှမ်း၊မတ်ပဲ၊ပဲတီစိမ်းများအပါအဝင် ပြည်ပတင်ပို့ သည့် ပဲများမှာတစ်အိတ်လျှင် ကျပ်၁၀,၀၀၀ မှ ၃၀,၀၀၀ ကျပ်အတွင်း မြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည်။

 

'ပို့ကုန်မူဝါဒအပြောင်းအလဲလည်းရှိတယ်၊ဝယ်လိုအားလည်းရှိတော့ဈေးတက်လာတာပါ၊ဝယ်လိုအားလည်း အဓိကပါဝင်ပါတယ်၊ပြည်တွင်းသုံးပဲဈေးကွက်ကတော့အေးပါတယ်၊' ဟုပဲနှမ်းကုန်သည် ဦးဇော်လွင်ကပြောသည်။

 

လတ်လောတွင်နှမ်းနက်တစ်အိတ်လျှင်အမျိုးအစားအလိုက်တစ်အိတ်လျှင်ကျပ်၃၁၀,၀၀၀မှ၃၆၀,၀၀၀ကျပ်၊နှမ်းဖြူတစ်အိတ်လျှင်အမျိုးအစားအလိုက်တစ်အိတ်လျှင်ကျပ်၃၅၀,၀၀၀မှ၃၆၀,၀၀၀ကျပ်၊မတ်ပဲတစ်အိတ်လျှင်အမျိုးအစားအလိုက်တစ်အိတ်လျှင်ကျပ်၂၁၀,၀၀၀မှ၂၉၀,၀၀၀ကျပ်၊ပဲတီစိမ်းတစ်အိတ်လျှင်အမျိုးအစားအလိုက်တစ်အိတ်လျှင်ကျပ်၁၂၅,၀၀၀မှ၁၆၀,၀၀၀ကျပ်အထိဈေးနှုန်းအသီးသီးရှိနေကြောင်းသိရသည်။

 

ပြည်တွင်းမှထွက်ရှိသည့်ပဲနှမ်းများအားပြည်တွင်း၌သုံးစွဲသည့်အပြင်တရုတ်၊အိန္ဒိယအပါအဝင်ပြည်ပနိုင်ငံများသို့တင်ပို့လေ့ရှိကာနယ်စပ်ကုန်သွယ်ရေးများမှအပြင်ပင်လယ်ရေကြောင်းမှပါတင်ပို့လေ့ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့်ယခု(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်ဧပြီ ၁ရက်မှ ဒီဇင်ဘာ၁ ရက်နေ့ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ(၉၂၄၁၄၂.၅၁၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၇၇၉.၂၀၆)သန်း၊နယ်စပ်မှ(၁၃၅၂၃၉.၂၉၈)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၆.၂၀၇)သန်း၊စုစုပေါင်း(၁၀၅၉၃၈၁.၈၁၄)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ(၈၉၅.၄၁၃)သန်း တင်ပို့ နိုင်ခဲ့ကြောင်းသိရသည်။

 

ထို့အပြင်၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်စာရင်းများအရပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၂၆၁.၈၇၄)သန်း၊နယ်စပ်မှ(၂၇၈၃၇၉)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၈.၇၈၉) သန်း၊ စုစုပေါင်း(၁၉၁၉၁၅၆)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၇၀.၆၆၃)သန်းတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

#Local_News #ပို့ကုန်မူဝါဒအပြောင်းအလဲ #ပဲနှမ်းများဈေးနှုန်းမြင့်တက် #YMG/NN #Yangon _Times