#LocaL_News
Published 10 December 2023


ထိုင်းနိုင်ငံ နခေါစီထမ်မရတ်ခရိုင် ဘန်င်ခန်မြို့ လမ်နောင်ဝ်ကျေးရွာ အုပ်စု ၈ နယ်မြေရှိ ကားလမ်းပေါ်တွင် ဘန်ကောက်-ရနောင်းပြေးဆွဲနေသည့်  အဝေးပြေးဘတ်စ်ကားပေါ်တွင် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသည့်မြန်မာအလုပ်သမား များ အဖမ်းခံရကြောင်းထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။

 

နယ်မြေစစ်ဆေးရေးဂိတ်မှ လုံခြုံရေး အဖွဲ့က အဆိုပါ ဘတ်စ်ကားကို စစ်ဆေးမှု ပြုလုပ်ရာ မှကားမောင်းသူအခန်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅ ဦး ခရီးသည်ထိုင်ခုံတွင် ၂ဦး စုစုပေါင်း ၇ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။

 

ထို့အတူ စုခ်စာမ်ရာစစ်ဆေးရေးဂိတ်တွင် ပစ်ကပ်ကားတစီးတွေ့ရှိသဖြင့် စစ်ဆေးကြည့်ရာ ကားထဲတွင် တရားမဝင်မြန်မာအလုပ်သမား ၆ ဦးတို့ကိုတွေ့ရှိကြောင်း သိရသည်။

 

အဆိုပါ မြန်မာအလုပ်သမားများကိုခေါ်ဆောင်ပေးလာသည့် ကားသမာဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့်  ယင်း ကားသမား၏အမည် အချက်အလက်တို့ကို တာဝန်ရှိသူများကစစ်ဆေးတွေ့ရှိကြောင်းသိရသည်။

 

ဖမ်းဆီးမိသူများ အားလုံးကို သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေလျင်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။

 

#LocaL_News # အဝေးပြေးဘတ်စ်ကားပေါ် #မြန်မာအလုပ်သမားများ အဖမ်းခံရ #YMG/NN #Yangon_Times