#Local_News
Published 09 December 2023


တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနေဖြင့် ဒီဇင်ဘာလ(၁၁)ရက်တွင် အဝေးသင်ဝင်ခွင့်စာရင်းများကို သက်ဆိုင်ရာ ဒီဂရီ‌ကောလိပ်၊တက္ကသိုလ်များတွင်လည်းကောင်း အွန်လိုင်းမှတစ်ဆင့်လည်း‌  ကောင်းကြည့်ရူနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။

 

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအနေဖြင့် သက်ဆိုင်ရာ ဒီဂရီ‌ ကောလိပ်၊တက္ကသိုလ်များတွင်ပထမနှစ်အဝေးသင် သင်တန်းဝင်ခွင့်ရရှိသူများစာရင်းကိုကြည့်ရူနိုင်မည့်အပြင်  ပညာရေးဦးစီးဌာနwww.moe.gov.mmနှင့် အဆင့်မြင့်ပညာဦးစီးဌာနwww.dhe.gov.mmတွင်ကြည့်ရူနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။

 

၂၀၂၃ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ၁၆၁၈၅၀ဦး အနက် စာမေးပွဲဖြေဆိုအောင်မြင်သူ ၁၀၉၈၅၀ဦး ရှိခဲ့ကြောင်းသိရသည်။

 

တက္ကသိုလ်ဒီဂရီ‌ ကောလိပ်များအနက်အသက်မွေးဝမ်း ကျောင်း‌ဆိုင်ရာ ဒီဂရီ‌ ကောလိပ်တက္ကသိုလ် များနိုဝင်ဘာလတွင် ပြန်ဖွင့်ထားပြီဖြစ်ပြီး အဝေးသင်တက္ကသိုလ်၊ ဒီဂရီများကောလိပ်များလည်း မကြာမီပြန်ဖွင့်လှစ်တော့မည်ဖြစ်၍ ဝင်ခွင့်ရရှိသူများစာရင်းကို ဒီဇင်ဘာလ ၁၁ရက်တွင်စတင်ကြည့်ရူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #တက္ကသိုလ်ဝင်တန်း #အဝေးသင်ဝင်ခွင့်စာရင်း #tthl #Yangon_Times