#Local_News
Published 06 December 2023


'မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၃' ရန်ကုန်၌ ပြုလုပ်မည်ဖြစ်ကြောင်း Myanmar International Textile Expo မှ သိရသည်။

 

အဆိုပါပြပွဲတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိအထည်ချုပ်လုပ်ငန်းရှင်‌များမှ လာရောက်ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၈ရက်မှ ၁၀ ရက်အထိ Inya Lake Hotel, Yangon Convention Center (YCC) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

'တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာရှိတဲ အထည်ချုပ်လုပ်ငန်းရှင်‌တွေ လာရောက်ခင်းကျင်းပြသမှာပါ။ တရုတ်နိုင်ငံက အမှတ်တံဆိပ် (၂၅) ခုနှင့် အတူအထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်နဲ့အိတ် ထုတ်လုပ်သူ (၁၀၀) ကျော်တို့ရဲ့ ထုတ်ကုန်များကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Made in Myanmar ထုတ်ကုန်များဖြစ်တဲ့ အဝတ်အထည်၊ ပြည်တွင်းထုတ် ဖိနပ်နှင့် အိတ်များကိုလည်း ပြသသွားမှာဖြစ်ပြီး ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမှာဖြစ်ပါတယ်'ဟု Myanmar International Textile Expo မှတာဝန်ရှိသူတစ်ဦးကပြောသည်။

 

ယင်းပြပွဲအား တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ ပူးပေါင်းကာ တရုတ်-မြန်မာနှစ်နိုင်ငံအထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #မြန်မာ့အထည်အလိပ် #စက်ယန္တရားကုန်စည်ပြပွဲ #YMG/NN #Yangon_Times