#Local_Sport
Published 05 December 2023


ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။

 

လူငယ်အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၄)ရက်နေ့ကကျင်းပခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်က လူငယ်အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

 

အသက်(၂၀)အရွယ်သာရှိသေးပေမယ့် ဘယ်လင်ဟမ်ဟာ (၂၀၂၃) ခုနှစ်အတွင်း ခြေစွမ်းပြ နိုင်ခဲ့သလို ရီးရဲလ်မက် ဒရစ်အသင်းမှာလည်း အဓိကကစားသမားတစ်ယောက်အဖြစ် အခုဘောလုံးရာသီမှာ ခြေစွမ်းပြ ကစားနေပါတယ်။



ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ဒေါ့မွန်အသင်းကနေ ပေါင်(၁၁၅) သန်းနဲ့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ရောက်လာခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါ (၁၃)ပွဲ ကစားပြီးချိန်မှာ (၁၁)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

 

ဘယ်လင်ဟမ် ဦးဆောင်တဲ့ ရီးရဲလ် မက်ဒရစ် အသင်းဟာ အခုဘောလုံးရာသီ လာလီဂါ(၁၅)ပွဲကစားပြီးချိန်မှာ (၁၂)ပွဲနိုင်၊ (၂)ပွဲ သရေ၊ (၁)ပွဲရှုးရလဒ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။

 

#Local_Sport #ဘယ်လင်ဟမ် #Yangon_Times #YMG_News #Yangon_Media_Group