#Local_News
Published 05 December 2023

ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းနှင့် နှစ်စဉ်‌ကြေးပေးသွင်းခြင်းကို ဇန်နဝါရီ ၁ ရက်မှစပြီး အီလက်ထရွန်နစ်စနစ်ဖြင့်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ သိရသည်။

 

သက်တမ်းတိုးလျှောက်ထားခြင်းအတွက် သတ်မှတ်အထောက်အထားများ အပြည့်အစုံတင်ပြရမည်ဖြစ်ပြီး ကနဦးအ‌ထောက်အထားစစ်ဆေးခကျပ် ၃၀၀၀၀ ကို Digital Payment ဖြင့် သွင်းရမည်ဖြစ်သည်။

 

ဆေးဝါးမှတ်ပုံတင်ကြေးကို ကျပ် ၅ သိန်းသတ်မှတ်ထားပြီး ငါးနှစ်တစ်ကြိမ်သက်တမ်းတိုးရမည်ဖြစ်ပြီးဆေးဝါးတစ်မျိုးအတွက် နှစ်စဉ်ကြေးAnnual Feeအနေဖြင့် ကျပ်၃သိန်းသွင်းရမည်ဟု ဖော်ပြထားသည်။

 

 သက်တမ်းတိုးလျှောက်ထားခြင်းကို ဆေးဝါးမှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း (၁၈၀)ကြိုတင်ပြီး လျှောက်ထားရမှာဖြစ်ပြီးသတ်မှတ်ကာလအတွင်း ဆောင်ရွက်ခြင်းမရှိပါက သက်တမ်းကုန်ဆုံးရက် ကစပြီး တစ်လကိုဒဏ်ငွေကျပ်ငါးသောင်းပေးဆောင်ရမှာဖြစ်သည်ဟု ဆိုသည်။

 

ဆေးဝါးမှတ်ပုံတင် နှစ်စဉ်ကြေးကို ဒစ်ဂျစ်တယ်စနစ်ဖြင့်သာ ပေးသွင်းရမည်ဖြစ်ပြီး နှစ်စဉ်ကြေးပေးသွင်းရန် (၂) နှစ်ဆက်တိုက် ပျက်ကွက်ပါက ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်းကို ဆက် လက်ဆောင်ရွက်ခွင့်ပြုမည်မဟုတ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ သိရသည်။

 

#Local_News #ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးခြင်း #သက်တမ်းမကုန်မီရက်(၁၈၀)ကြိုလျှောက် #tthl #Yangon _Times