Published 4 December 2023

ညောင်လေးပင်၊ဖျာပုံနှင့်ဂွမြို့တို့တွင် ဒီဇင်ဘာလ၃ရက် တစ်ရက်တည်း၌ နေ့အပူချိန်များမြင့်တက်ခဲ့ပြီး ယခင်ဒီဇင်ဘာလ၏အမြင့်ဆုံးအပူချိန်ထက်ကျော်လွန်ကာ စံချိန်သစ်များတင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

ညောင်လေးပင်မြို့တွင် ဒီဇင်ဘာလအတွင်း ယခင်ကအမြင့်ဆုံး အပူချိန်၃၅.၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၅.၆ဒီဂရီစင်တီဂရိတ်ရှိကာ နှစ်ပေါင်း၂၃နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ်စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။

ဖျာပုံမြို့တွင် ဒီဇင်ဘာလအတွင်း ယခင်ကအမြင့်ဆုံး အပူချိန်၃၅.၁ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၅.၂ဒီဂရီစင်တီဂရိတ်ရှိကာ နှစ်ပေါင်း၂၂နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ်စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။
ဂွမြို့တွင် ဒီဇင်ဘာလအတွင်း ယခင်ကအမြင့်ဆုံး အပူချိန်၃၄.၃ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၄.၈ဒီဂရီစင်တီဂရိတ်ရှိကာ နှစ်ပေါင်း၄၁နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ်စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ဒီဇင်ဘာလ၃ရက်ကလည်း ဘီးလင်းနှင့်ဂွမြို့များတွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်များတင်ခဲ့ပြီး ဘီးလင်းတွင် ယခင်ကအမြင့်ဆုံး အပူချိန်၃၆.၀ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၆.၂ဒီဂရီစင်တီဂရိတ်ရှိနှင့် ဂွမြို့တွင် ဒီဇင်ဘာလ၃ရက်တွင် ယခင်ကအမြင့်ဆုံး အပူချိန်၃၄.၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၄.၃ဒီဂရီစင်တီဂရိတ်ရှိကြောင်း၊ဂွမြို့တွင် ယခင်ကအမြင့်ဆုံး အပူချိန်၃၄.၀ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ယခု၃၄.၂ဒီဂရီစင်တီဂရိတ်ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ဂွမြို့သည် ဒီဇင်ဘာလ၂ရက်၊၃ရက်၊၄ရက်တို့တွင် ထူးထူးခြားခြားအမြင့်ဆုံးအပူချိန်စံချိန်သစ်များ ဆက်တိုက်တင် ခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group