Published 4 December 2023

နိုဝင်ဘာလအတွင်း ပြည်ပသို့မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ(၁၇၅၉၉၀)တန်တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှသိရသည်။

ကုမ္ပဏီ(၄၉)ခုမှတင်ပို့ခဲ့ခြင်းဖြစ်ပြီး ဧပြီလမှစပြီးနိုဝင်ဘာလအထိ(၈)လတာကာလအတွင်း နိုဝင်ဘာလ၌ အများဆုံးတင်ပို့ခဲ့ခြင်း ဖြစ်သည်။

ဆန်တန်ချိန်စုစုပေါင်း ၉၄၂၀၃တန်နှင့် ဆန်ကွဲတန်ချိန်စုစုပေါင်း ၈၁၇၈၇တန်တင်ပို့ခဲ့ပြီး Oversea Tradeမှ ၁၅၇၀၇၀တန်၊Border Trade၁၈၉၂၀တန်တင်ပို့ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလအတွင်းတွင် မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှုအများဆုံးနိုင်ငံများမှ အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊တရုတ်ဖြစ်ပြီး ဆန်ကွဲဝယ်ယူမှုအများဆုံးမှာ တရုတ်၊ဘယ်ဂျီယံ၊နယ်သာလန်တို့ဖြစ်ကြောင်း သိရသည်။

ဧပြီလမှနိုဝင်ဘာလအထိ ပြည်ပတင်ပို့သည့်ဆန်နှင့်ဆန်ကွဲတန်ချိန်၇၅၉၆၇၃တန်ရှိပြီဖြစ်ပြီး ပို့ကုန်ဝင်ငွေ Export Rvenue 361 million USDရရှိကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ထုတ်ပြန်ချက်အရသိရသည်။
Yangon_Times/tthl
#Local_News
#YMG_News #Yangon_Times #Yangon_Media_Group