Published_ 4 December 2023
 
  ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ ရထားခရီးစဉ်အချိန်တွေကို ဒီဇင်ဘာ (၁) ရက်မှ စပြီး အချိန်အနည်းငယ် ပြောင်းလဲပြေးဆွဲ ပေးနေကြောင်း သိရပါတယ်။ 
 
  လက်ရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်နေတာတွေ ရှိတာ ကြောင့် ကြန့်ကြာမှုများမရှိအောင် မူလထွက်ခွာချိန်ထက် အချိန် ၁၅ မိနစ် လောက်ခွာပြီး ပြောင်းလဲပြေးဆွဲပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
  ပြောင်းလဲပြေးဆွဲနေတဲ့ ရထားအချိန်တွေကတော့ အမှတ် (၅) အဆန် လေအိတ် အမြန်ရထားဟာ ရန်ကုန်ကနေ မန္တလေးကို ညနေ ၃ နာရီခွဲ အချိန်မှာ စတင်ထွက်ခွာမှာဖြစ်ပြီး အမှတ် (၆) အစုန် လေအိတ်အမြန်ရထားကတော့ မန္တလေးကနေ ရန်ကုန်ကို ညနေ (၃) နာရီခွဲ အချိန်မှာ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။
 
  အမှတ် (၃) အဆန် အမြန်ရထားကတော့ ရန်ကုန်ကနေ မန္တလေးကို ညနေ ၄ နာရီ ၄၅ မိနစ်မှာ စတင်ထွက်ခွာပြီး အမှတ် (၄) အစုန် အမြန်ရထားကတော့ မန္တလေးကနေ ရန်ကုန်ကို ညနေ ၅ နာရီမှာ စတင်ထွက်ခွာမှာဖြစ်တယ်လို့ သိရပါတယ်။
 
  အမှတ် (၁) အဆန် လော်ကယ်ရထားကတော့ ရန်ကုန်ကနေ မန္တလေးကို ည ၉ နာရီအချိန်မှာ စတင်ထွက်ခွာပြီး အမှတ် ၂ အစုန် လော်ကယ်ရထားကတော့ မန္တလေးကနေ ရန်ကုန်ကို ညနေ ၅ နာရီခွဲအချိန်မှာ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။
ymg_mnn
#Local_News
#Published 04 December 2023 
#YMG_News #Yangon_Times #Yangon_Media_Group