Published 03 December 2023 
 
 
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်းအတွင်းရှိ  လက်ဘက်ရည်ဆိုင် ဒီဇင်ဘာလ၂ရက်ညပိုင်း ၈နာရီ၅၁မိနစ်တွင် မီးလောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
 
"သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်းအတွင်းရှိ  မဟာရန်ကုန် လက်ဘက်ရည်ဆိုင် မီးလောင်ကျွမ်းနေတယ်"ဟု မြို့နယ်အတွင်းနေပြည်သူများနှင့်လူမှုကူညီရေးအဖွဲ့ဝင်များမှ ဖော်ပြထားသည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ဆ / က ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သင်္ကန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး၉နာရီ၀၂မိနစ်တွင်မီးထိန်းနိုင်ကာ ၉နာရီ၀၇မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
 
ရှင်သန်ရေးကူညီမှုအသင်းရေဘောက်ဆာတစ်စီး၊လူနာတင်ယာဥ်တစ်စီးတို့ဖြင့် ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ်၊ ဆ / က ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်း၊မဟာရန်ကုန် လ္ဘက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွားရာသို့ ရေအထောက်အကူပြုကူညီပေးခဲ့ကြောင်းသိရသည်။
Yangon _Times/tthl
#Local_News
#Published 03 December 2023 
#YMG_News #Yangon_Times #Yangon_Media_Group