#Local_News
Published_ 2 December 2023


ဗီယက်နမ်နိုင်ငံ၌ နိုဝင်ဘာ (၂၅)ရက်မှ(၃၀)ရက်အထိ ကျင်းပပြုလုပ်ခဲ့တဲ့ 7th World Vovinam Championships ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အသင်းဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ (၅၁) ကီလိုတန်းအတိုက်ပြိုင်ပွဲ နှင်းသက်ဝေ က ရွှေတံဆိပ်(၁)ခု ထပ်မံဆွတ်ခူးရရှိခဲ့ပြီး နိုဝင်ဘာ(၃၀)ရက် ပြိုင်ပွဲများအပြီးတွင် မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၉)ခု၊ စုစုပေါင်းဆုတံဆိပ် (၁၄)ခု ဆွတ်ခူးရရှိထားပြီး ဖြစ်ကြောင်းသိရပါတယ်။

 

မြန်မာအသင်းအနေဖြင့် Male multiple training-01male athlete defends against 03 others with wespon ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ Cross form female ပြိုင်ပွဲတွင် ချစ်နိုဒီဆောင်းက ကြေးတံဆိပ်(၁)ခု၊ One female athlete defense against 3 male athlete with weapon ပြိုင်ပွဲတွင် မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော်၊ ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ် (၁)ခု ရရှိခဲ့ပါတယ်။

 

ထို့ပြင် Pair knife form male ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ် (၁)ခု၊ Pair machete form male ပြိုင်ပွဲတွင် အောင်ခိုင်လင်းနှင့်ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်(၁)ခု ရရှိခဲ့ပါတယ်။

 

Male yin Yan sword form team 4 ပြိုင်ပွဲတွင် အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နှင့် တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် (၁)ခု ထပ်မံရရှိခဲ့ပြီး၊ ၅၄ ကီလိုတန်း(အတိုက်ပြိုင်ပွဲ)တွင် မင်းမင်းထိုက် ကြေးတံဆိပ်ဆု(၁)ခု၊ female self-defense (အပြပြိုင်ပွဲ)တွင် အောင်ခိုင်လင်း၊ ချစ်နိုဒီဆောင်းတို့အတွဲ ကြေးတံဆိပ်ဆု(၁)ခု၊ pair sword form male ပြိုင်ပွဲတွင် တင်ထူးဇော်၊ ကျော်သူစိုးအောင် တို့အတွဲ ကြေးတံဆိပ်ဆု(၁)ခု၊ ying yang sword form male ပြိုင်ပွဲတွင် ဟိန်းထက်အောင် ကြေးတံဆိပ်ဆု(၁)ခု၊ ying yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင် ငွေတံဆိပ်ဆု(၁)ခု ရရှိခဲ့ပါတယ်။

 

Four element staff form ပြိုင်ပွဲ၌ တင်ထူးဇော် ငွေတံဆိပ်(၁)ခုနှင့် 3male, 3Female ပြိုင်ပွဲ၌ တင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်၊ အိန္ဒြေဖူးတို့က ငွေတံဆိပ်(၁)ခု ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

 

#Local_News #ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံပြိုင်ပွဲ #ရွှေတံဆိပ်(၂)ခု #ဆုတံဆိပ်ပေါင်း(၁၄)ခုရရှိ #ymg_mnn #Yangon_Media_Group