Published_ 30 November 2023

မြန်မာနိုင်ငံအစိုးရ၏ ပန္နရသမအကြိမ် (၁၅) ကြိမ်မြောက် မဇ္စျိမဒေသ ဗုဒ္ဓဂယာ မဟာကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့၊ မြန်မာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊လေ) တို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါတယ်။

အခမ်းအနားတွင် အိန္ဒိယ၌ သီတင်းသုံးကြတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင်ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များနှင့် တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေသည့် သံဃာတော်များ/သီလရှင်များအား လှူဖွယ်ဝတ္ထုနှင့် မဟာဘုံကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။
ymg_mnn
#Local_News
#Yangon_Times # YMG_News #Yangon_Media_Group