#Local_News
Published 26 November 2023


ပန်းတစ်ပွင့်တောင်သို့သွားရာလမ်း၌ ဘုံကထိန်သွားမော်တော်ယာဉ်တစ်စီး တိမ်းမှောက် မှုယ‌နေ့နေ့လယ်၌ဖြစ်ပွားခဲ့ကြောင်းမြို့မလူမှုကူညီရေးအသင်း(မှော် ဘီ မြို့) မှသိရသည်။

 

ဖြစ်စဉ်မှာယနေ့ နိုဝင်ဘာ ၂၆ရက်နေ့လည် ၂နာရီခန့်တွင်မှော်ဘီမြို့နယ်၊ဝါးနက်ချောင်းကျေးရွာပန်းတစ်ပွင့်တောင်သို့သွားရာ လမ်း၌ ဘုံကထိန်သွားရောက် ပို့ဆောင်ရာမှ မော်တော်ယာဉ်တစ်စီး တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

'ထိခိုက်ဒဏ်ရာရသူတွေကို မှော်ဘီဆေးရုံကိုလိုက်ပို့ပေးနေပါတယ် 'ဟုမြို့မလူမှုကူညီရေးအသင်း(မှော် ဘီ မြို့)မှတာဝန်ရှိသူတစ်ဦးကပြောသည်။


အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်အပေါ်ပါမိဘပြည်သူ၊ ကလေးလူနာ(၂၅)ဉီး အား ဝါးနက်ချောင်း ဆေးရုံ မှ မှော်ဘီဆေးရုံသို့မြို့မလူမှုကူညီရေးအသင်းလူနာတင်ယာဉ် (၃)စီးဖြင့် လွှဲပြောင်းပို့ဆောင်ပေးခဲ့‌ ကြောင်းသိရသည်။



#Local_News #ပန်းတစ်ပွင့်တောင် #မော်တော်ယာဉ်တစ်စီးတိမ်းမှောက် #YMG/NN #Yangon_Times