#Local_News
Published 26 November 2023

လာမည့် ဒီ‌ဇင်ဘာလအတွင်းပြုလုပ်မည့်သုတဓမ္မ ဒီပလိုမာစာမေးပွဲများအား ပြည်နယ်နှင့်တိုင်းအသီးသီး၌စာဖြေဌာန ၄၂ခုဖြင့်ကျင်းပသွားမည်ဖြစ်ကြောင်း စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့မှသိရသည်။

 

အဆိုပါ သုတဓမ္မ ဒီပလိုမာ စာမေးပွဲများအားLevel ၁ စာမေးပွဲကို ဒီဇင်ဘာ ရက်နေ့ နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိ နှင့် Level (၂) Level (၃)စာမေးပွဲများကို ဒီဇင်ဘာ ၁၇ ရက်နေ့ နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

'ဖြေဆိုသူ အထူးများပြားလာတဲ့အတွက် စာဖြေဌာန (၄၂) အထိ တိုးချဲ့ စီစဉ်ထားရှိပါတယ်၊‌ရန်ကုန်မှာဖြေဆိုခွင့်ကတ်တွေထုတ်ပေးနေပါတယ်၊ရန်ကုန်စာဖြေဌာန တွေမှာ ဖြေဆိုမယ့်သူတွေက ရန်ကုန် (ဒေါက်တာနန္ဒမာလာဘိဝံသ အနုဂ္ဂဟအသင်း) ရုံးခန်းမှာထုတ်ယူနိုင်ပါတယ်၊ စာဖြေဌာန (၂) ဓမ္မဝိဇာလယသုဗောဓာရုံ သန်လျင် စာဖြေဌာနမှ ဖြေဆိုမယ့်သူတွေကတော့ အဲ့ဒီစာဖြေဌာနမှာပဲ စာမေးပွဲဖြေခွင့်ကတ်တွေ ထုတ်ယူရမှာပါ' ဟု စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာဖြေဌာန များအတွက် သုတဓမ္မ ဒီပလိုမာ Level-1, Level 2, Level-3 စာမေးပွဲများဖြေဆိုရန် စာဖြေခွင့်ကတ်များကို နိုဝင်ဘာ၁၅ရက်မှ၃၀ရက်အတွင်း ထုတ်ပေးလျှက်ရှိပြီး အခြားသော တိုင်းနှင့်ပြည်နယ် စာဖြေဌာနများ အတွက်မူဒီဇင်ဘာ ၂ ရက် မှ ၁၁ ရက်အထိ ထုတ်ယူနိုင်ကြောင်း၊အသက်အရွယ်အားဖြင့် လည်းကောင်း ရပ်ဝေးမှနေသူများအနေ ဖြင့်လည်းကောင်း စာဖြေနေ့၌ စာဖြေခွင့်ကတ် ထုတ်ယူနိုင်ပြီးထုတ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာ စာဖြေဌာန နှင့်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရသည်။

 

အဆိုပါ သုတဓမ္မ ဒီပလိုမာ စာမေးပွဲများအား ပညာဘူမိတက္ကသိုလ်မှ ကြီးမှူးကျင်းပခြင်းဖြစ်ကာ ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာဘိဝံသမှ စာဖြေလိုသူအားလုံးတို့အတွက် တိုင်းနှင့်ပြည်နယ် အနှံ့ စာဖြေဌာန (၄၂) ခု ပြုလုပ်၍ စီစဉ်စေခြင်း၊ သုတဓမ္မဒီပလိုမာ စာမေးပွဲ မေးခွန်းများကို ဆရာတော်ကြီးကိုယ်တိုင် ထုတ်ပေးခြင်း၊ စာဖြေဌာန အသီးသီးရှိ တာဝန်ရှိသူများ၊ သံဃာတော်များ၊ ရုံးအဖွဲ့ သင်တန်းစီစဉ်ကြီးကြပ်ရေး အဖွဲ့နှင့် Volunteer အဖွဲ့များ မှ လိုအပ်မှု မှန်သမျှ စီစဉ်လျက်ရိြှခင်း ၊စာမေးပွဲ အထောက်အကူပြု သင်တန်း ဆရာ ဆရာမကြီးများ စာဖြေသူများကဘက်ကလည်း အားတက်သရော ကြိုးစား နေကြခြင်းတို့သည် သုတဓမ္မဒီပလိုမာ Level (၁) Level (၂) Level (၃) စာမေးပွဲ များ ၏ တူညီစွာ (equally important) အရေးအပါဆုံး စုဖွဲ့ မှု ဖြစ်သည်နှင့်အညီ အားလုံးစိတ်မလျော့ပဲမိမိတို့ အပိုင်းအလိုက် ကြိုးစား လျှက် ရှိကြောင်းသိရသည်။

 

#Local_News #သုတဓမ္မဒီပလိုမာစာမေးပွဲ #စာဖြေဌာန ၄၂ခုဖြင့်ကျင်းပမည်
#YMG/ NN #Yangon_Times