#Local_News
Published_ 22 November 2023

မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှ ဦးစီး၍ ယခုနှစ်ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ Thailand Education Fair(Myanmar)ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းကို ဒီဇင်ဘာလ ၃ ရက် နံနက် ၉နာရီမှ ညနေ ၄ နာရီထိ ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ ParkRoyal ဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းမှာ (၆)ကြိမ်မြောက်ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲလည်းဖြစ်ကြောင်း သိရသည်။

 

“မြန်မာပြည်က ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တစ်နေရာတည်းမှာ ထိုင်းတက္ကသိုလ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ပြပွဲမှာဘာသာရပ်ဆိုင်ရာ ပညာသင်ဆုတွေကိုလည်း လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ်”ဟု ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း အတွင်းရေးမှူး ဒေါ်ဝင်းမြသွေးက ပြောသည်။

 

အဆိုပါ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲတွင် ထိုင်းနိုင်ငံရှိ Harbour Space ၊ University of the Thai Chamber of Commerce(UTCC)၊ Assumption University ၊ Dhurakij Pundit University(DPU)၊ Mahidol University International College(MUIC) ၊ Raffles International College Bangkok(RIC)၊ Panyapiwat Institute of Management,International College(PIM)၊ Krirk University၊ Metharath University ၊ TGGS(Thai-German Graduate School of Engineering )၊ AIHM (Asian Institute of Hospitality Management)၊ London University at Bangkok Center(LUBC) စသည့် တက္ကသိုလ်များမှ တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

 

#Local_News #ထိုင်းတက္ကသိုလ်ပေါင်းစုံ #ပညာရေးပြပွဲ #Yangon _Times/PP