#Local_News
Published_ 22 November 2023

 

လာမည့် တန်ဆောင်တိုင်ပိတ်ရက် နိုဝင်ဘာ၂၅ ရက် မှ ၂၇ ရက်အထိ ရန်ကုန်မြို့ပြည်သူရင်ပြင်၌ "စက်မှုထုတ်ကုန်ပစ္စည်း၊ စက်ယန္တရားနည်းပညာပြပွဲ၊ တန်ဆောင်တိုင်ဈေးရောင်းပွဲနှင့် မီးထွန်းပွဲတော်"ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပွဲတော်တွင်ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များက လုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်အရောင်းပြခန်းများ၊ ဆန်၊ ဆီအရောင်းဆိုင်များ၊ အခြားတိုင်းဒေသကြီး/ပြည် နယ်များမှ လာရောက် ရောင်း ချသော ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၄၅၅ ခန်းကျော် ပြသရောင်းချမည်ဖြစ်သည်။

 

ပွဲတော်ကို နိုဝင်ဘာ၂၅ ရက်မှ ၂၇ ရက်အထိကျင်းပမည်ဖြစ်ပြီး နေ့စဉ်  E-Sport Game ပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ နှင့် ဟာသပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ဆပ်ကပ်၊ မျက်လှည့်၊ Dancer များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ မီးရှူး မီးပန်းပစ်ဖောက်မည့် အစီအစဉ် များကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ပြီး၊ ပွဲတော်လာပြည်သူများ သွားရေးလာရေးလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ထား ရှိပေးထားကြောင်း သိရသည်။

 

ယင်းပွဲ‌တော်ကိုနိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်း ညွှန်ချက်နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက် အောင် စီးပွားရေး ဦးတည်ချက် များချမှတ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSME  လုပ်ငန်းရှင်များကို လိုအပ်သော ငွေကြေးအရင်းအနှီး၊ နည်းပညာ ရရှိရေး၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက် ရရှိရေး လိုအပ်သော အထောက် အပံ့များ ဆောင်ရွက်ပေးပြီး၊ ပြည်တွင်းထုတ်ကုန်များနှင့်  ပြည်ပသွင်းကုန်အစားထိုးထုတ် ကုန်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း ပွဲတော်ကျင်းပရေးညှိနှိုင်းအစည်းအဝေး၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

 

#Local_News #တန်ဆောင်တိုင်ဈေးရောင်း #ပြည်သူ့ရင်ပြင်၌(၃)ရက်ကျင်းပ#tthl #Yangon_Times