Published 20 November 2023

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)ရပ်ကွက်၊ သစ္စာလမ်း၊ ဗဟိုဈေးမှတ်တိုင်အနီး ရှိ အဆောက်အဦးတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ​့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

   နိုဝင်ဘာ ၂၀ ရက် နံနက် ၉ နာရီ ၆ မိနစ်အချိန်ခန့်က  မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်း မီးသတ်ယာဉ်(၂)စီး၊ ရန်ကင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၁၂ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၂၂ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ ထံ မှ  သိရသည်။

   မီးလောင်ကျွမ်းမှု ဖြစ်စဉ် အသေးစိတ်နှင့်  ပျက်စီးဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှု  အခြေနေတို့ ကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရသည်။
Yangon Time/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News