Published 18 November 2023

ပဲခူးမြို့နယ် ဘုရားကြီးမြို့အတွင်း ကန်သာယာ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ညအိပ်ရပ်နားထားသည့် ယာဉ်ကို ၁၂ဘီးယာဉ်မောင်းမှ အိပ်ငိုက်ပြီးဝင်တိုက်ခြင်းကြောင့် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဘုရားကြီး အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၁၈ ရက် နံနက် ၂နာရီ ခန့် က ဘုရားကြီးမြို့ အတွင်း ကန်သာယာ ဗိုလ်ချုပ်ကြေးရုပ် တွင် ညအိပ်ရပ်နားထားသည့် ကားများ ကို ဒိုက်ဦး မြို့နယ် ဘက်မှ မောင်းလာသည့် အဖြူရောင်
၁၂ဘီးယာဉ်မှ ယာဉ်မောင်းမှာ အိပ်ငိုက်ပြီး လားရာတူ ညအိပ်ရပ်နားထားသည့် အပြာရောင်နစ်ဆန်း ဒီဇယ်ထရပ်ကား ကို ဝင်တိုက်မိကာ ထိုမှ တစ်ဆင့် ခရီးသည်တင်ဘတ်စ်ကားနှင့်ထရပ်ကား ကို ထပ်ဆင့် တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထပ်ဆင့်တိုက်ခံရသည့် ထရပ်ကား မှ ယာဉ်နောက်လိုက် အမျိုးသား တစ်ဦး ခြေထောက် မှာ အပြင်းထန်ဒဏ်ရာ ရရှိသွားသောကြောင့် ဘုရားကြီး အရန်မီးသတ်တပ်ဖွဲ့မှ ဘုရားကြီးမြို့ ရှာဖွေကယ်ဆယ်ရေး ယာဉ် ဖြင့် ပဲခူးမြို့ဆေးရုံကြီး သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Yangon_Times/LW
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News