Published 18 November 2023

ယခုနှစ်ခုနှစ်လတာအတွင်းမြန်မာနိုင်တွင် စင်ကာပူနိုင်ငံမှ ကန်ဒေါ်လာ သန်ပေါင်း၃၀၀ကျော်ဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနီးမြှုပ်နှံမှု ၌အများဆုံး ထည့်ဝင်ရင်းနှီးမြှုပ်နှံထားကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ၏ အချက်အလက်များအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီ (၁) ရက်မှ အောက်တိုဘာလကုန်ထိ (၇)လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏ အမေရိကန်ဒေါ်လာ (၅၆၇.၃ ၈၀) သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဝင်ရောက်ရာတွင် စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု FDI ပမာဏ အမေရိကန်ဒေါ်လာ (၃၃၇.၀ ၈၇) သ န်းဖြင့် အများဆုံး ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပြီး တရုတ်နိုင်ငံက FDI ပမာဏ ကန်ဒေါ်လာ (၂၀၅.၂ ၁၅) သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။

၄အပြင်ဟောင်ကောင် (SAR) က ကန်ဒေါ်လာ (၁၄.၅၅၉) သန်း၊ တရုတ်တိုင်ပေက ကန်ဒေါ်လာ (၂.၂၀၀) သန်း၊ မာရှယ်ကျွန်းနိုင်ငံက ကန်ဒေါ်လာ (၁.၃၀၀) သန်း၊ ဆာမိုအာက ကန်ဒေါ်လာ (၁) သန်း၊ အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၁.၀၈၇) သန်း အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။

ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုသည် လျှပ်စစ်ကဏ္ဍသို့ ဝင်ရောက်ထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၃၇၄သန်းကျော်ဖြင့် ရင်းနှီးမြှုပ် နှံထားကာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း မပါဝင်ဘဲ FID အသစ် ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကန်ဒေါ်လာ ၈၈ သန်းကျော်ဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ကဏ္ဍတစ်ခုဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသို့ ကန်ဒေါ်လာ ၇၇သန်းကျော်၊ မွေးမြူရေးနှင့် ရေထွက်ကုန်ကဏ္ဍသို့ ကန်ဒေါ်လာ ၂၃ သန်းကျော် အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
#Yangon_Times/NN
#Local_News
#Published_ 18 November 2023
#YMG #Yangon_Times #Yangon_Media_Group