Published_ 16 November 2023

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်နှစ်ခုရှိ နိုင်ငံဝန်ထမ်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာ၏နှစ်ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း ရှိ မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ အား အဆိုပါ ဒေသ၏ လက်ရှိ အခြေနေအရ၂၀၂၃ခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ များ အတွက် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စရပ်အဖြစ် ခံစားပြုကာ၊မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် တို့တွင် တာ
ဝန်ထမ်းဆောင်လျက်ရှိသော နေ့စားအလုပ်သမား များ အား အဆိုပါဒေသ၏ လက်ရှိ အခြေနေအရ ယခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ တို့ အတွက် တစ်ရက်လုပ်ခလစာကို ကျပ်၆၅၀၀နှုန်းဖြင့် အထူးကိစ္စရပ်အဖြင့် ခံစာခွင့်ပြုကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ် ပလက်၀ မြို့နယ် အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံဝန်ထမ်းများ အား အဆိုပါ ဒေသ၏ လက်ရှိ အခြေနေအရ၂၀၂၃ခုနှစ် အောက်တိုဘာလ၊နိုဝင်ဘာလ၊ဒီဇင်ဘာလ များ အတွက် မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စရပ်အဖြစ် ခံစားပြုကြောင်းပါရှိသည်။

ယင်းသို့ နိုင်ငံ့ဝန်ထမ်းများ မူရင်းလစာ၏နှစ်ဆ ခံစားခွင့်ပြုခြင်းအတွက် စီမံကိန်းနှင့်ဘဏ္ဘာရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၇၂/၂၀၂၃)ဖြင့် အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
#Yangon_Times/LW
#Local_News
#Published_ 16 November 2023
#YMG #Yangon_Times #Yangon_Media_Group