Published-15 November 2023

ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ် ရေးရပ်တန့်သွားသည့်အတွက် ပုတ်သိုးလွယ်သည့်ကုန်များပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသရှိ မြို့နယ်များတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်၍ ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းများအားလုံးကို ပိတ်လိုက်ပြီး ကုန်သွယ်ရေး ရပ်တန့်သွားခြင်းကြောင့် စစ်တွေဆိပ်ကမ်းနှင့် လမ်းတစ်ဝက်တွင် ရောက်ရှိနေကြသည့် ပုပ်သိုး လွယ်သည့်ကုန်များပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်းသိရသည်။

' ပိတ်မိတာကကုန်အစုံပေါ့၊အဓိကငါးထိတာပဲ၊ရေချိုငါးတွေကဒီဒေသလည်းမစားကြဘူး၊အအေးခန်းလည်းမရတော့ပျက်တာပေါ့၊တင်ပို့တဲ့သူတွေထိခိုက်ကြတယ်၊ဟိုဘက်တင်မရတြွေဖစ်တာကိုး၊စဖြစ်တဲ့နေ့ထဲကဆိုပါတော့တခြားကြက်သွန်၊ဂျင်းတွေပျက်စီးတာလဲရှိတယ် 'ရေချိုငါးမြစ်ချင်းတင်ပို့ရောင်းချသူ ဦးသန်းဌေးကပြောသည်။

ရခိုင်ပြည်နယ်မှတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧပြီ၁ရက်မှနိုဝင်ဘာ၃ရက်အထိ ပို့ကုန်ရငွေကန်‌ဒေါ်လာ၁၀သန်း ကျော်၊သွင်းကုန်ရငွေ ကန်ဒေါ်လာ ၁သန်း ကျော်အပါအဝင်ကုန်သွယ်မှုပမာဏရငွေစုစုပေါင်း၁၁သန်းကျော်ရရှိထားရာလက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ကုန်းလမ်း၊ ရေလမ်းကြောင်းများကို ပိတ်ထားခြင်းကြောင့် စစ်တွေနယ်စပ် ကုန်သွယ်ရေး မှာပိုမိုထိခိုက်မှုများရှိနေကြောင်းသိရသည်။
#Yangon_Times/NN
#Local_News
#Published_ 15 November 2023
#YMG #Yangon_Times #Yangon_Media_Group