Published_ 14 November 2023

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ Honey nest DJဘား ဗုံး‌ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု  သတင်းများပြန့်နှံ့ခဲ့‌ပေမည့် ဘားအတွင်းပေါက်ကွဲခြင်းမရှိဘဲ ခြံဝန်းစပ်၌ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နိုဝင်ဘာ ၁၃ရက် ည၉နာရီခွဲ ဝန်းကျင်မှာပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Honey nest DJဘား၏ ခြံဝန်းနှင့်အခြားခြံဝန်းကြားတွင်ပေါက်ကွဲမှုဖြစ်ခဲ့သည့်အတွက် ဘားအတွင်းwaiterများ၊ဧည့်သည်များထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးဟု Honey nest Barမှသိရသည်။

"ခြံဝန်းစပ်မှာပေါက်တာ။Honey nest DJဘားရဲ့ ခြံဝန်းနဲ့အခြားခြံနှစ်ခြံကြားမှာပေါက်တာ။ဘားအတွင်းwaiter‌ တွေ၊ဧည့်သည်‌တွေထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူး"ဟု Honey nest Barမှတာဝန်ရှိသူတစ်ဦးကYMGကိုအတည်ပြုပြောခဲ့သည်။

အဆိုပါDJဘားအနီးပတ်ဝန်းကျင်နေထိုင်သူများမှ‌ ပေါက်ကွဲမှုဖြစ်ပွား‌ကြောင်းတင်ထားပြီး Honey nest DJဘားတည်ရှိသည့်ရပ်ကွက်၌မီးဖြတ်လိုက်ကြောင်းလည်း တင်ထားကြကြောင်း သိရသည်။
#Yangon_Times/thl
#Local_News
#Honey nest Bar #မရမ်းကုန်းမြို့နယ် #ဗုံး‌ပေါက်ကွဲမှု
#YMG #Yangon_Times #Yangon_Media_Group