#Local_News
Published November 2023


ယခုအပတ်တွင် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးကျပ်၄၆၈၀ရောင်းချပေးရန်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ မှ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄,၆၈၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ကြေညာထား ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်အပတ်က စားအုန်းဆီတစ်ပိဿလျှင် လက်ကားရည်ညွှန်းဈေး၄၅၆၀ဖြင့်ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုအပတ်တွင်ရာဂဏာန်းခန့်တက်ခဲ့ကြောင်းသိရသည်။

 

နိုဝင်ဘာလ၁၃ရက်တွင် ရန်ကုန်တိုင်း၊ ပြင်ဦးလွင်၊ ပဲခူးတိုင်းအပါအဝင်ဒေသ(၁၃)ခုကို မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း ၏စီစဉ်မှုဖြင့် ဆီကုမ္ပဏီများမှ ဆီပေပါ ၃၀၀၀ ကိုအခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာလျှင် ၄,၆၈၀ ကျပ်ဖြင့်ရောင်းချထားပေးပြီဖြစ်ကောင်းသိရသည်။

 

ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားကြောင်း သိရသည်။

 

#Local_News #စားအုန်းဆီလက်ကား #ရည်ညွှန်းဈေးကျပ် ၄၆၈၀ #tthl #Yangon_Times