#Local_News
Published 13 November 2023


ပြည်တွင်းရေယာဉ်များ လုံခြုံချောမွေ့စွာသွားလာနိုင်ရေးအတွက် ဝန်တင်ရေစူးကန့်သတ်ချက် များကို ရေယာဉ်များ အနေဖြင့် လိုက်နာကျရန် ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းသတိပေးချက်ကို နိုဝင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားသည်။

 

ယင်းထုတ်ပြန်ချက်တွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှ ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်အထိ ကာလကို ရေနည်းကာလအဖြစ် သတ်မှတ်၍ ရေကြောင်းနယ်မြေအလိုက် ရေယာဉ်များ၏ ဝန်တင်ရေစူးကို ကန့်သတ်လိုက်ကြောင်း သိရသည်။

 

ကန့်သတ်လိုက်သည့် ရေယာဉ်များ၏ ဝန်တင်ရေစူးမှာ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်အတွင်းရှိ ရေကြောင်းနယ်မြေ ၉ ခုတွင်ဖြစ်ပြီး ရေစူးကန့်သတ်ချက်များကို ရေကြောင်းနယ်မြေ အလိုက် သတ်မှတ်ထားကြောင်း သိရသည်။

 

အဆိုပါ ဝန်တင်ရေစူးကန့်သတ်ချက်များကို ရေယာဉ်များ အနေဖြင့် လိုက်နာကျရန် ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကတိုက်တွန်းနှိုးဆော်ထားသည်။

 

#Local_News #ရေစူးကန့်သတ်ချက် #ရေအရင်းမြစ်နှင့်မြစ်ချောင်း #ရေလမ်းသတိပေး
#YMG/LW #Yangon_Times