#Local_News
Published 12 November 2023

ကမ္ဘာ့ဖလားပွဲစဉ်များ၊နိုင်ငံတကာပွဲများတွင် မြန်မာ့ လက်ရွေးစင်အသင်းများ ဝတ်ဆင်ကြမည့် အပေါ်ဝတ်ဂျာစီဒီဇိုင်းအသစ်ထွက်ရှိလာပြီး နိုဝင်ဘာလ ၁၂ရက်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ထုတ်ပြန်ချက်အရသိရသည်။

 

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ၊ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များနှင့် ၂၀၂၃-၂၄ ခုနှစ် နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး အသင်းများ၊ သက်တမ်းအလိုက်အသင်းများ၊ ဖူဆယ်လက်ရွေးစင် အသင်းများသည်အဆိုပါ ဂျာစီဒီဇိုင်းအသစ်အား ဝတ်ဆင်ကြမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းလိုဂို အသစ်၊ ခေတ်အဆက်ဆက်အောင်မြင်မှုများနှင့် ရှေ့သို့တက်လှမ်းခြင်း Pattern များထည့်သွင်းထားသည့် ဂျာစီဒီဇိုင်းအသစ်အား လာမည့် နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပမည့် ဂျပန်နှင့်မြန်မာ အသင်းတို့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် (ဒုတိယအဆင့်)မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်း ဝတ်ဆင်ကစားသွားမည် ဖြစ်သည်။ 

 

Warrix မှထုတ်လုပ်သည့် မြန်မာ့လက်ရွေးစင် အသင်း ဂျာစီများအား Warrix Myanmar မှတင်သွင်းဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး အသေးစိတ်အား Warrix Myanmar Facebook စာမျက်နှာတွင် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

#Local_News #ကမ္ဘာ့ဖလားပွဲစဉ် #ဝတ်ဆင်မည့်ဂျာစီဒီဇိုင်းအသစ်ထွက် #tthl #Yangon _Times