#Local_News
Publish 12 November 2023

ရှမ်းပြည်နယ်‌‌မြောက်ပိုင်းရှိမြို့နယ်(၈)မြို့နယ်ကို စစ်အုပ်ချုပ်ရေး( Martial Law ) ကြေညာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

 

နိုဝင်ဘာလ၁၂ရက်တွင်ကြေညာလိုက်ခြင်းဖြစ်ပြီး အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ(၁) ကွတ်ခိုင်၊(၂) ကွမ်းလုံ၊(၃) နမ့်ခမ်း၊(၄) မူဆယ်၊(၅) လားရှိုး၊(၆) သိန်းနီမြို့နယ်တို့နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)နယ်မြေ ရှမ်းပြည်နယ်အတွင်းရှိ (၇) လောက်ကိုင်နှင့်(၈) ကုန်းကြမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး( Martial Law ) ကြေညာလိုက်ခြင်းဖြစ်သည်။

 

လုံခြုံရေး၊တရားဥပ‌ဒေစိုးမိုး‌‌ရေးနှင့်နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုဆောင်ရွက်ရန်အတွက် နစကအနေဖြင့် အဆိုပါမြို့နယ်များ၌ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာ( Martial Law ) ကိုကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉အရ အပ်နှံလိုက်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

 

အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေရှိမြို့နယ်(၆)မြို့နယ်တွင် တိုင်းမှူးသည် အချိန်နှင့်တပြေးညီပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍
 မိမိကိုယ်တိုင်သော်လည်းကောင်း စစ်နယ်မြေမှူးများကို တာဝန်လွှဲ၍ လည်းကောင်း စစ်အုပ်ချုပ်ရေး အာဏာ( Martial Law ) ကိုကျင့်သုံးနိုင်သလို 
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)နယ်မြေရှိ မြို့နယ်(၂)မြို့နယ်ကို ဒေသကွပ်ကဲရေးမှူးသည် အချိန်နှင့်တပြေးညီပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍ကိုယ်တိုင်သော်လည်းကောင်း၊စစ်နယ်မြေမှူးများကို တာဝန်လွှဲ၍ လည်းကောင်း စစ်အုပ်ချုပ်ရေး အာဏာ( Martial Law ) ကိုကျင့်သုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

#Local_News #ရှမ်းပြည်နယ် #မြောက်ပိုင်းရှိ မြို့နယ်(၈)မြို့နယ် #(Marital Law)ကြေညာ
#tthl #Yangon_Times