#Local_News
Published-10 November 2023

တန်ဆောင်တိုင် ကာလ ရုံးပိတ်ရက်အတွက် အထူးရထားများပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ထိုသို့ပြေးဆွဲရာတွင် နေပြည်တော်၊ မော်လမြိုင်၊ ပြည်အထူးရထားများအားနိုဝင်ဘာ၂၄ရက်မှ၂၇ရက်အထိ ပြေးဆွဲသွားမည်ဖြစ်ကာခရီးသည်များပြားပါက ထပ်တိုး‌ပြေးဆွဲသွားရန်လည်းရှိ ကြောင်းသိရသည်။ နိုဝင်ဘာ၂၄ရက်နေ့တွင် နေပြည်တော် - ရန်ကုန် (အစုန် အထူး လေအိတ် ရထား) ၊ရန်ကုန် - မော်လမြိုင် (အဆန် အထူး လေအိတ် ရထား) ၊ ရန်ကုန် - ပြည် (အဆန် အထူး လေအိတ် ရထား)၊ ပြည် - ရန်ကုန် (အစုန် အထူး လေအိတ် ရထား)၊မော်လမြိုင် - ရန်ကုန် (အစုန် အထူး AAR ရထား) များကိုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင်နိုဝင်ဘာ ၂၅ ရက်နေ့ စနေနေ့တွင် မော်လမြိုင် - ရန်ကုန် (အစုန်အထူး လေအိတ် ရထား)၊ရန်ကုန် - ပြည် (အဆန် အထူး လေအိတ် ရထား)၊ ပြည် - ရန်ကုန် (အစုန် အထူး လေအိတ် ရထား)၊ ရန်ကုန် - မော်လမြိုင် (အဆန်အထူး AAR ရထား)များကိုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အတူ နိုဝင်ဘာ ၂၆ရက်တွင် ရန်ကုန် - ပြည် (အဆန် အထူး လေအိတ် ရထား)၊ပြည် - ရန်ကုန် (အစုန် အထူး လေအိတ် ရထား)၊ရန်ကုန် - မော်လမြိုင် (အဆန်အထူးလေအိတ်ရထား)၊ မော်လမြိုင် - ရန်ကုန် (အစုန် အထူး AAR ရထား)များအားပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

နိုဝင်ဘာ၂၇ ရက်တွင်လည်း ရန်ကုန် - နေပြည်တော် (အဆန်အထူး လေအိတ်ရထား)၊ မော်လမြိုင် - ရန်ကုန် (အစုန် အထူး လေအိတ် ရထား)၊ ရန်ကုန် - ပြည် (အဆန် အထူး လေအိတ် ရထား)၊ ပြည် - ရန်ကုန် (အစုန် အထူး လေအိတ် ရထား)၊ ရန်ကုန် - မော်လမြိုင် (အဆန် အထူး AAR ရထား)များပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့မီးရထားသည်ခရီးသွားလာသူများ အဆင်ပြေစေရန်သီတင်းကျွတ်ကာလရုံးပိတ်ရက်ကလည်း အထူးရထားများအားပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

 

#Local_News #တန်ဆောင်တိုင်ကာလ #အထူးရထားများပြေးဆွဲ #YMG/NN #Yangon_Times