#Local_News
Published_ 10 November 2023


ရှမ်းပြည်နယ်မြောက်ပိုင်း၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်အတွက် မြန်မာနိုင်ငံလူသားချင်းစာနာမှု ရန်ပုံငွေ (MHF)မှကန်ဒေါ်လာတစ်သန်းထုတ်ပေးရန် လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးက ခွင့်ပြုထား ပြီးဖြစ်ကြောင်း UNOCHA Myanmar၏ထုတ်ပြန်ချက်အရသိရသည်။

 

လတ်တလောတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ သိန္ဒီ၊ နမ့်တစ်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ကျောက်မဲနှင့် နောင်ချိုမြို့နယ်များမှ IDPs ၅၀၀၀၀ နီးပါးအနက် ၃၄၀၀၀ ကျော်ကိုစားနပ်ရိက္ခာဝယ်ယူရန် ငွေကြေးအကူ အညီထောက်ပံ့ပေးနိုင်ရေးအတွက် ကြိုးပမ်းနေပြီး နောက်ထပ် တုံ့ပြန်ရေးလုပ်ငန်းများကို စီစဉ်နေဆဲဖြစ် ကြောင်း လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများကအစီရင်ခံထားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရပ်အိုးအိမ်စွန့်ခွာခဲ့သည့်ဒေသခံများအနေဖြင့် အရေးတကြီးလိုအပ်နေသည့် လူသားချင်းစာနာမှုလိုအပ်ချက်များမှာ စားနပ်ရိက္ခာ၊ အိပ်ယာ၊ ခြင်ထောင်၊ ဆေးဝါး၊ ကျန်းမာရေး၊ တစ်ကိုယ်ရည် သုံးပစ္စည်းများအပြင် အခြေခံကယ်ဆယ်ရေးပစ္စည်းများ၊စိတ္တလူမှုရေးဆိုင်ရာ အကူအညီများဖြစ်ကြောင်း၊ ယနေ့နိုဝင်ဘာလ၁၀ရက်အထိ လိုအပ်ချက်များရှိသောပြည်သူ ၃၀ ရာခိုင်နှုန်းအကူအညီများလက်ခံရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လိုအပ်ချက်များကို ဘာသာရေးအဖွဲ့အစည်းများ၊ CBOs များနှင့် CSOs များက လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စားနပ်ရိက္ခာ၊ အိပ်ယာ၊ ခြင်ထောင်၊ ဆေးဝါး၊ ကျန်းမာရေး၊ တစ်ကိုယ်ရည် သုံးပစ္စည်းများကိုလည်းကောင်း၊ ကလေးသူငယ်များအတွက် အရေးပေါ်ကာလပညာရေးဝန်ဆောင်မှုများကိုလည်း ကောင်း၊ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး မိုင်းအန္တရာယ်ပညာပေးရေး၊ ထိခိုက်လွယ်သော ပြည်သူများ အတွက်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအကူအညီများကိုလည်းကောင်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

#Local_News #နေရပ်အိုးအိမ်စွန့်ခွာ #ကန်ဒေါ်လာတစ်သန်းထောက်ပံ့ #tthl #Yangon_Times