#Local_News
Published_ 10 November 2023


ဂျပန်St. Luke’s Internationalတက္ကသိုလ်နှင့် မန္တလေးသူနာပြုတက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် MOUရေးထိုးခဲ့ကြောင်းသိရသည်။

 

အဆိုပါတက္ကသိုလ်နှစ်ခုကြားတွင် ပညာရေးဆိုင်ရာနယ်ပယ်၌ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် ငါးနှစ်သက်တမ်းရှိသော နားလည်မှုသဘောတူစာချုပ်ချုပ်ဆိုခဲ့သည်ဟုဆိုသည်။

 

အဆိုပါနားလည်မှုစာချွန်လွှာအရ ဂျပန်-မြန်မာတက္ကသိုလ်နှစ်ခုကြား သင်ကြားရေးဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပြန်အလှန်စေလွှတ်ခြင်း၊ပညာရေးဆွေးနွေးပွဲများနှင့်သုတေသနဆိုင်ရာများ၊ အခြားပညာရပ်ဆိုင်ရာနယ်ပယ်များ၌(၅)နှစ်တာပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်ဟုဆိုသည်။

 

ယင်းသဘောတူစာချုပ်ချုပ်ပွဲကို အွန်လိုင်းမှတစ်ဆင့်ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာတင်ထွန်းတက်ရောက်အမှာစကားပြောကြားခဲ့ပြီး မန္တလေးသူနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်ဒေါက်တာခင်ဝင်းစိန်နှင့် ဂျပန်St. Luke’s Internationalတက္ကသိုလ်မှ Secretary Generalတို့မှ နားလည်မှုစာချွန်လွှာတွင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

#Local_News #ဂျပန်St. Luke’s တက္ကသိုလ် #မန္တလေးသူနာပြုတက္ကသိုလ် #MOUရေးထိုး #tthl #Yangon_Times