#Local_News
Published_ 09 November 2023


အခုရက်ပိုင်းအတွင်း မိုးတိမ်တောင်များကြောင့် ရန်ကုန်အပါအဝင်ဒေသအချို့ မိုးထစ်ချုန်းခြင်း၊မိုးခြိမ်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထားသည်။

 

ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင် များဖြစ်ပေါ်လျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျား ရာနေရာတစ်လျှောက်တွင် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားသည်။

 

နိုဝင်ဘာလ ၁၀ ရက်မနက်ပိုင်းအထိ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းတွင် နေရာအနှံ့အပြား၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်သည်။

 

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အနေဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တိုတွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ကြောင်းသိရသည်။

 

#Local_News #မိုးတိမ်တောင် #မိုးထစ်ချုန်းခြင်း #မိုးသီးကြွေခြင်းဖြစ်ပေါ်နိုင် #tthl #Yangon_Times