#Local_News
Published 9 November 2023


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအဝင် ရွေ့ပြောင်းလုပ်သားများ၏ ဗီဇာကြေးကို ဘတ်ငွေ ၅၀၀ သာကောက်ခံတော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန က အသိပေးကြေညာထားသည်။

 

ယခင်က ပြည်ပရွေ့ပြောင်းလုပ်သားများ၏နေထိုင်ခွင့်ဗီဇာကြေးကို ဘတ် ၁၉၀၀ ကောက်ခံခဲ့ပြီး လာမည့် နိုဝင်ဘာ၁၁ ရက်မှစကာ ဘတ် ၅၀၀ သာ ကောက်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ယခုကဲ့သို့ဗီဇာကြေးထက်ဝက်ကျော် လျော့ချပေးခြင်းမှာ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ထားသည့် လုပ်ငန်းရှင်​များအား အကူအညီ​ဖြစ်စေရန်အတွက် ဗီဇာကြေး လျော့ချသတ်မှတ်တာဖြစ်ပြီး ထိုင်းစီးပွားရေးကို အရှိန်အဟုန်မြှင့် ရှေ့သို့စဉ်ဆက်မပြတ် ရွေ့လျားစေရန် ရွှေ့ပြောင်းအလုပ်သမား ပြဿနာကို ဖြေရှင်းရန်နှင့် တရားဝင်အလုပ်သမား စနစ်ကို အား​ပေးဖို့ရန်ဖြစ်ကြောင်း သိရသည်။

 

 ထိုင်းနိုင်ငံတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယမ်နမ်နှင့်လာအိုနိုင်ငံတို့ မှ လာရောက်အလုပ်လုပ်ကျသည့် ရွေ့ပြောင်းလုပ်သားများရှိကြောင်း သိရသည်။

 

#Local_News #ထိုင်းနိုင်ငံ #ဗီဇာကြေးဘတ်၅၀၀ #YMG/LW #Yangon_Times