#Local_News
Published-7 November 2023


ပြည်ပနိုင်ငံများသို့ အောက်တိုဘာလတစ်လတာအတွင်း ကန်ဒေါ်လာ၆၃သန်းတန်ဖိုးရှိသည့် ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရသည်။

 

ထိုသို့တင်ပို့ရာတွင် ဆန်တန်ချိန် ၈၀၁၁၅ နှင့်ဆန်ကွဲတန်ချိန် ၃၉၄၁၁ စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် ၁၁၉,၅၂၆တန်ကိုပြည်ပနိုင်ငံပေါင်း ၃၄ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။

 

ထိုသို့တင်ပို့ရာတွင် ကုမ္ပဏီပေါင်း ၃၈ ကုမ္ပဏီမှ ပင်လယ်ရေကြောင်း မှ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၀,၇၀၀ နှင့် နယ်စပ်ကုန်သွယ်ရေးမှဆန်နှင့် ဆန်ကွဲတန်ချိန် ၈၈၂၆ တန်တင်ပို့ခဲ့ကြောင်း သိရသည်။

 

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် တန်ချိန်လေးသောင်းကျော်ဖြင့် အင်ဒိုနီးရှားသို့အများဆုံးနှင့် ဆန်ကွဲကိုတန်ချိန် တစ်သောင်းသုံးထောင်ကျော်ဖြင့် တရုတ်နိုင်ငံသို့အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

#Local_News #ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သိန်းကျော်တင်ပို့ #ကန်ဒေါ်လာ ၆၃ သန်း #YMG/NN #Yangon_Times